မော်ကွမ် ဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ သမိုင်းကြောင်းအကျဉ်း


          မော်ကွမ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (MKLDO) ကို ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ လုပ်ဆောင်ရန်အတွက် ရှမ်းစာပေနှင့်ယဉ်ကျေးမှု လူငယ်ခေါင်းဆောင်များအဖွဲ့အနေဖြင့် ၂၀၀၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့သည် လူငယ်များနှင့် အမျိုးသမီးများအတွက် ခေါင်းဆောင်မှုစွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ခဲ့သည့်အတွက် ဒေသတွင်းရှိ လူ့အဖွဲ့အစည်းနှင့် အာဏာပိုင်အဖွဲ့အစည်းတို့၏ အသိအမှတ်ပြုခြင်း ခံခဲ့ရသည်။

         ၂၀၁၁  ခုနှစ်တွင်တိုင်းရင်းသား လူမျိုးပေါင်းစုံတို့၏ ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်စေရေးအတွက် နည်းပညာနှင့်အရင်းအမြစ်များ ပံ့ပိုးပေးရန် ရည်ရွယ်ချက်ဖြင့် ရှမ်းစာပေနှင့် ယဉ်ကျေးမှု လူငယ်ခေါင်းဆောင်များအဖွဲ့ကို မော်ကွမ် ဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဟူ၍ ပြောင်းလဲဖွဲ့စည်းခဲ့သည်။ မော်ကွမ် ဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (Mawk Kon Local Development Organization) အတိုကောက်အားဖြင့် (MKLDO) သည် ၂၀၁၂ ခုနှစ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့ရုံးတွင် အသင်းအဖွဲ့မှတ်ပုံတင်လျှောက်ထားခဲ့ရာ ၂၀၁၄ ခုနှစ်တွင် အသင်းအဖွဲ့မှတ်ပုံတင်ကို ရရှိခဲ့သည်။             

         မော်ကွမ် ဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ သည် ပိုမိုကောင်းမွန်သော အသက်မွေးဝမ်းကြောင်းပြုမှု၊ သင်ယူမှုနှင့်အတွေ့အကြုံ မျှဝေမှုတို့ဖြင့် ဒေသခံလူထု၏ဖွံ့ဖြိုးတိုးတက်မှုကို  မြှင့်တင်ရန်အတွက်အစဉ်တစိုက်ကြိုးစားလုပ်ဆောင်လာသော အဖွဲ့ဖြစ်သည်။ မော်ကွမ် ဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ၏ လူမှုကရုဏာလုပ်ငန်း ဝန်ဆောင်မှုများ လွှမ်းခြုံသောစီမံချက်မြို့နယ်များမှာကျိုင်းတုံမြို့နယ်၊ တာချီလိတ်မြို့နယ်၊မိုင်းခတ်မြို့နယ်၊ မိုင်းယန်းမြို့နယ်နှင့် မိုင်းယောင်းမြို့နယ် တို့ဖြစ်သည်။ မော်ကွမ် ဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ သည် စုစုပေါင်းကျေးရွာအုပ်စု (၂၅)အုပ်စုအတွင်းရှိ ကျေးရွာပေါင်း (၅၀၀)ရွာတွင် စီမံချက်များဝင်ရောက် လုပ်ကိုင်ခဲ့သည်။ စတင်ဖွဲ့စည်းသည့် ၂၀၀၄ ခုနှစ်မှ စ၍ ယနေ့ထိ စီမံချက်ပေါင်း (၁၈)ခုကို လုပ်ကိုင်ခဲ့ပြီး အကျိုးခံစားခွင့်ရှိသူ စုစုပေါင်း (၂၀,၀၀၀)သို့ အကူအညီများရောက်အောင် လုပ်ဆောင်နိုင်ခဲ့သည်။ မော်ကွမ် သည် အသက် (၅) နှစ်အောက်ကလေးများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက် အာဟာရဆိုင်ရာ အသိပညာပေးစီမံချက်၊ လုံခြုံစိတ်ချရသော ရွှေ့ပြောင်းသွားလာမှုစီမံချက်၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးစီမံချက်၊ အမျိုးသမီးအခွင့်အရေးနှင့် အကြမ်းဖက်မှုလျော့ချရေးစီမံချက် (စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသေးစား၊ အလတ်စား ဝင်ငွေတိုးလုပ်ငန်းများ)၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးစီမံချက်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပြီးဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်တတောင့်တနေရာမှ ပံ့ပိုးပေးနိုင်ခဲ့သည်။

   မော်ကွမ် ဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ အကောင်အထည်ဖော်ဆောင်ရွက်သော စီမံချက်/စီမံကိန်းများ၏ အဓိကရည်မှန်းချက်ပန်းတိုင်မှာ ဒေသအတွင်းမှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုများအတွက် ကိုယ်တိုင်ပါဝင်စွမ်းဆောင်နိုင်စေရန်နှင့် စဉ်ဆက်မပြတ် တိုးတက်မှုဖြစ်ပေါ်နေစေရန် ရည်ရွယ်ပါသည်။ ဤသည်မှာလည်း မော်ကွမ်‌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ အနာဂတ်ပုံရိပ်(Vision) ဖြစ်သည်။ မိမိတို့အဖွဲ့၏ အဓိကရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိအောင်မြင်စေရန်အတွက် ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်းဆိုင်ရာ နည်းပညာပံ့ပိုးခြင်း၊ ကိုယ်တိုင်ထုတ်လုပ်သောထုတ်ကုန်ပစ္စည်းများ ပြန်လည်ရောင်းချနိုင်ရန်အတွက် ဈေးကွက်နှင့်ချိတ်ဆက်ပေးခြင်း၊အသက်မွေးဝမ်းကျောင်းနှင့် သက်ဆိုင်သော(Application)များ အသုံးပြုတတ်အောင် သင်ကြားပေးခြင်း၊ကျန်းမာပြီး အသက်ရှည်စွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့်ဆိုင်သော အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ပေးခြင်းအစရှိသည့် လုပ်ငန်းများကိုလုပ်ဆောင်ပေးခြင်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေပါသည်။
     ထို့အပြင် ရှမ်းပြည်နယ်အရှေ့ပိုင်းသည် စိတ်ဝင်စားဖွယ် တိုင်းရင်းသားမျိုးနွယ်စုများ မှီတင်းနေထိုင်ကြသည့် ‌‌‌‌‌‌ဒေသတခုဖြစ်သည့်အား‌‌လျော်စွာ ၎င်းတို့၏ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းသည့် စီမံချက်/စီမံကိန်းများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ မော်ကွမ် ဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့သည် ရှေ့လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့ပြီး ပိုမိုကောင်းမွန်သော အကျိုးရလဒ်များ ရရှိစေရန်အတွက် သက်ဆိုင်ရာ ဦးစီးဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေပါသည်။


မော်ကွမ် ဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ အနာဂတ်ပုံရိပ်


                     ရှမ်းပြည်နယ်အရှေ့ပိုင်း ဒေသများအတွင်း မှီတင်းနေထိုင်ကြကုန်သော တိုင်းရင်းသားလူမျိုးစုပေါင်းစုံတို့ တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုများ ကိုထိန်းသိမ်းမြှင့်တင်ရန်။ 

             

မော်ကွမ် ဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ ယုံကြည်မှုလမ်းစဉ်


                     ရှမ်းပြည်နယ်အရှေ့ပိုင်း ဒေသများအတွင်း မှီတင်းနေထိုင်ကြကုန်သော တိုင်းရင်းသားလူမျိုးစုပေါင်းစုံတို့၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်နေစေရန်အတွက် ၎င်းတို့ကိုယ်တိုင် စွမ်းဆောင်ရည်များ မြင့်တက်လာပြီး ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်းဆိုင်ရာ နည်းပညာများပံ့ပိုးပေးခြင်း၊ စျေးကွက်ချိတ်ဆက်ခြင်းအားဖြင့် လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန် အကောင်အထည်ဖော် ဆောင်ရွက်   သွားမည် ဖြစ်သည်။                                          
           

မဟာဗျူဟာရည်မှန်းချက်များ



စံတန်ဖိုးထားမှုများ

 



မူဝါဒများ

 








 





 

 

Featured Projects

ရာသီဥတုပြောင်းလဲမှုနှင့်အညီ ငါးမွေးမြူထုတ်လုပ်ခြင်း

ရာသီဥတုပြောင်းလဲမှုနှင့်အညီ ငါးမွေးမြူထုတ်လုပ်ခြင်း

ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး

ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး

တိုင်းရင်းသား လူနည်းစုများနှင့် အရပ်ဖက် အဖွဲ့အစည်း များအတွက် စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း

တိုင်းရင်းသား လူနည်းစုများနှင့် အရပ်ဖက် အဖွဲ့အစည်း များအတွက် စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း

Talkshow

Mawkkon Office Building

Contact Info

Phone

09 255386472, 09 5252486

Email

[email protected]

Address

Khart Tar Street, Lane (4), Myo Thit Yart, Quarter (3), Keng Tung, Eastern Shan State, Myanmar

Send a Message